What is /etc/passwd file?

What is /etc/passwd file and what it is used for?
/etc/passwd ဆိုတဲ့ဖိုင်က ဘာလဲ? ဘာအတွက်သုံးတာလဲ?




ဒီဖိုင်လေးကိုတော့ လူတိုင်းနည်းပါးသိကြမှာပါ။ Website တွေကို symlink လုပ်မယ်ဆိုရင်

တော်တော်များများက /etc/passwd ကိုအရင်ဖတ်ပြီး username တွေကိုသိအောင်

ရှာဖွေပါတယ်။ ဒါပေမယ့် ဒီဖိုင်က ဘာလုပ်ပေးလဲဗျ။ ပြီးတော့ အဲ့ဖိုင်ကို ဖွင့်ကြည့်ရင်

မြင်ရတာ ဘာတွေလဲမသိဘူးဗျ။

$ cat /etc/passwd
root:x:0:0:root:/root:/bin/bash
bin:x:1:1:bin:/bin:/sbin/nologin
daemon:x:2:2:daemon:/sbin:/sbin/nologin
adm:x:3:4:adm:/var/adm:/sbin/nologin
lp:x:4:7:lp:/var/spool/lpd:/sbin/nologin
sync:x:5:0:sync:/sbin:/bin/sync
shutdown:x:6:0:shutdown:/sbin:/sbin/shutdown
halt:x:7:0:halt:/sbin:/sbin/halt


ဘယ်လိုတွေနားလည်ရမလဲမသိဘူးနော်။ ဒီတော့ ကျွန်တော်နည်းနည်း research လုပ်ကြည့်တယ်။ ဒီပိုစ့်ကတော့ ကျွန်တော့်တွေ့ရှိချက်တွေပေါ့။
  1.  passwd file ကတော့ login လုပ်ဖို့မရှိမနေ ဖိုင်တစ်ခုပါ။
  2.  ဒီကောင်လေးက text file လေးပါ။
  3. ပုံမှန်အတိုင်းဆိုရင် user အားလုံး read access ရပါတယ်။ ဒါပေမယ့် root/su(super user) တစ်ယောက်ပဲ ဒီဖိုင်ကိုပြင်နိုင်မှာပါ။
  4. User တစ်ယောက်အတွက် တစ်လိုင်းအနေနဲ့မှတ်ထားပေးပါတယ်။ root user ကတော့ ထိပ်ဆုံးလိုင်းပေါ့ဗျာ။
  5.  file ထဲမှာ username တွေ password တွေ userid, groupid, home directory, shell path စတာတွေကို ရေးမှတ်ထားပါတယ်။ အားလုံးပေါင်း ခုနှစ်မျိုးကိုမှတ်ထားပေးတယ်။
  6.  field တွေတစ်ခုနဲ့တစ်ခုကြားမှာ ":" ကော်လံနဲ့ခွဲထားပါတယ်။

အောက်ကပုံကတော့ passwd file ထဲက example line လေးပါ။







  1. Username : ဒီကောင်လေးကတော့ Username လေးပါ။ Username က စာလုံး 1 လုံးကနေ 32 လုံးကြားပဲထားလို့ရမှာပါ။ 
  2. Password : သာမန် အတိုင်းဆိုရင် ဒီနေရာမှာ password မှတ်ထားလေ့ရှိတယ်။ ဒါပေမယ့် x ဆိုတာလေးက password က encrypted လုပ်ပြီး /etc/shadow ဆိုတဲ့ဖိုင်ထဲမှာသိမ်းထားတယ်လို့ပြောတာပါ။
  3. User ID (UID) : ဒါကတော့ရှင်းပါတယ်။ User တွေအတွက် ID နံပတ်လေးတွေခွဲထားပေးတာပါ။ Windows မှာဆိုရင် SID ပေါ့ဗျာ။  0 ကတော့ အမြဲတန်း Root user အတွက်ပဲချန်ထားတာပါ။ 1-99 ကတော့ system built-in account တွေအတွက်။ 100-999 ကတော့ သာမှန် user တွေအတွက်ပေါ့။
     
  4. Group ID (GID) : ဒါလည်း ရှင်းပါတယ်။ Group တွေအတွက် ID နံပတ်ပေါ့။ ဘယ် ID ဘယ် group ထဲမှာဆိုပြီး မှတ်ထားတာပါ။ အဲဒီဖိုင်လေးကတော့ /etc/group ဆိုတဲ့ဖိုင်လေးပါ။
  5. User ID Info : ဒီကောင်လေးကကျတော့ User တွေအကြောင်း ကိုယ်မှတ်ချင်တာ မှတ်ထားတဲ့နေရာပေါ့။ Comment ပေးတဲ့နေရာပါ။ ပုံထဲမှာကတော့ User ရဲ့   full name ကိုပေးထားပါတယ်။ ဒါလေးကို finger ဆိုတဲ့ command ကအသုံးချတာပါ။
  6. Home Directory : user login ၀င်လိုက်ရင် စစချင်းရောက်သွားမယ့် Directory ပါ။ Backtrack မှာဆိုရင် root user က login ၀င်လိုက်ရင် /root ဆိုတဲ့ directory ကိုတန်းရောက်သွားတာသိကြမှာပါ။
     
  7. Command/Shell : ဒီနေရာလေးကတော့ Command ထည့်ထားပေးလို့ရသလို ကိုယ်ကြိုက်နှစ်သက်တဲ့ shell ကိုသုံးချင်ရင် ဒီမှာထည့်ထားလို့ရတယ်။

1 comment:

  1. ကောင်းတယ် ဘရို။ ပိုနားလည်သွားပြီ Passwd အကြောင်းကို။ ;)

    ReplyDelete