MalwareBytes~ Anti-Exploit


ဒီ tool လေးကို အရင်မိတ်ဆက်ပေးပါမယ်။
သူ့အရင်နာမည်ကတော့ Exploit-Shield လို့ခေါ်ပြီး ZeroVulnerabilityLabs ကနေ ၂၀၀၉ ခုနှစ်က စတင်ထုတ်ဝေခဲ့တာပါ။ စစချင်းထုတ်လိုက်တော့ Security လောကကြီး တော်တော်လှုပ်ရှားသွားတယ်လို့ပြောကြတယ်။ ကြည့်ရတာ တော်တော်ကောင်းတဲ့ပုံပဲ။ ၂၀၁၃ ခုနှစ် ၅လပိုင်းတုန်းက ZeroVulnerabilityLabs ရဲ့ product ဖြစ်တဲ့ Exploit-Shield ကို နာမည်ကြီး Antivirus company ဖြစ်တဲ့ MalwareBytes ကနေ၀ယ်ယူလိုက်ပါတယ်။ ပြီးတော့ MalwareBytes - Anti-Exploit ဆိုပြီး ပြန်လည်နာမည်ပြောင်းလိုက်တာဖြစ်တယ်။



လုပ်ဆောင်ချက်အနေနဲ့ကတော့ သူက exploit တွေကို 0-day ပါကာကွယ်ပေးပါတယ်။
0-day exploit ဆိုတာကတော့ ဘယ်သူမှမသိသေးတဲ့ ယိုပေါက်တွေကို ညွန်းတာပါ။ သာမှန် Exploit တွေက တွေ့ရှိသွားရင် Public ကြေငြာကြပါတယ်။ Exploit အများစုက Browser, တွေဖြစ်တဲ့
IE, Firefox, Chrome, Safari ဒါမျိုး နာမည်ကြီးပြီး လူသုံးများတဲ့ဟာတွေကို ပစ်မှတ်ထားကြပါတယ်။ ပြီးတော့ လူသုံးများတဲ software တွေဖြစ်တဲ့ Adobe Flash player, Adobe Reader, VLC player, Microsoft office အစရှိတဲ့ software တွေကိုလည်း Malicious Hacker တွေက Target ထားကြပါတယ်။ ဒီ Anti-Exploit က သူတို့တွေကို exploit မလုပ်နိုင်အောင် ကာကွယ်ပေးပါတယ်။ Exploit အများစုက Anti-virus အများစုကို လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကောင်ကိုတော့ လွယ်လွယ်နဲ့မရပါဘူး။ သူက 0-day တွေတောင်ကာပေးပါတယ်။

ပြီးတော့ သူက Anti-virus တွေနဲ့လည်း တူတူသွင်းထားလို့ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း 3MB ပဲရှိတယ်။ အရမ်းကို သုံးရတာ ပေါ့ပေါ့ပါးပါးဖြစ်တယ်။ သူက သာမှန် AV လိုမျိုး Signature based detection မဟုတ်တော့ Database ကို ခဏခဏ update လုပ်ပေးစရာမလိုပါဘူး။ သူက Behavior based detection ပါ။

သေသေချာချာစမ်းကြည့်ချင်ရင်တော့ Windows xp box မှာ ဒီကောင်လေးသွင်းပြီး metasploit နဲ့စမ်းကြည့်ပါလို့ အကြံပေးပါရစေ။

PS : This tool is run-it-and-forget-it tool
ဒီကောင်လေးကတော့ run ပြီးတာနဲ့ ပစ်ထားရုံပါပဲခင်ဗျာ။


OFFICIAL WEBSITE : http://www.zerovulnerabilitylabs.com/
You can find download link there.

0 comments: