CMS Detector for Google Chrome

မင်္ဂလာပါဗျာ။ ကျွန်တော်ကတော့ တကယ့်ကို Noob အဆင့်သာသာလေးပါ။ အဲဒါကြောင့် တတ်သိနားလည်သူများအနေနဲ့ နားလည်းပေးကြပါ။ ကိုဇီးရိုးရဲ့ဘလော့ကို Contributor အဖြစ်။ ဘလော့ Template ကိုနည်းနည်းပါးပါးဝင်ပြင်ပေးသူအဖြစ်ပါဝင်ကူညီရင်း ကျွန်တော်သိမိခေါက်မိတဲ့အကြောင်းအရာလေးတွေကို ပါဝင်ရေးသားရုံပါ။ အနည်းဆုံးတော့ ဟက်ကင်းလေ့လာမယ့် Beginner တွေအတွက် ကျွန်တော်ရဲ့ပို့စ်က တစ်ဖက်တစ်လမ်းက အထောက်အကူပြုမယ်ဆိုရင် ပါဝင်ရကျိုးနပ်မှာပါလို့ စိတ်ကူးရင်း ပို့စ်လေးတွေကို တတ်နိုင်သလောက်ပါဝင်ရေးသားသွားပါမယ်။ နိဒါန်းပျိုးတာ နည်းနည်းရှည်သွားလို့ ဆော့ရီး :D
ကျွန်တော် ခုရက်ပိုင်း Firefox က crash ခဏခဏဖြစ်တာနဲ့ Google Chrome ဖက်ခဏပြောင်းသုံးပါတယ်။ MCA Extension သွင်းရင်းနဲ့ နောက်ထပ် Extension တစ်ခုကိုတွေ့ထားပါတယ်။ အဲဒါကတော့ Chrome Sniffer လို့ခေါ်ပါတယ်။ ဒီ Extension ကတော့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဆိုဒ်တစ်ခုရဲ့ CMS လို့ခေါ်တဲ့ ဘယ်ဟာနဲ့ Run သလဲဆိုတာကို Auto Detect လုပ်ပေးနိုင်ပါတယ်။ ဥပမာ PHP လား Joomla လား Wordpress လားပေါ့။ တခါတည်း Icon လေးနဲ့ပါသေချာပြပေးတယ်နော် :D ဒါဆို ဆိုဒ်ကိုဝင်လိုက်တာနဲ့အထွေအထူးလုပ်စရာမလုပ်ဘဲ အဲဒီဆိုဒ်ဘာနဲ့ Run ထားတယ်ဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။ Chrome Sniffer ကိုအောက်က မူရင်း Chrome Web Store ကနေသွားပြီး အင်စတော့လုပ်နိုင်ပါတယ်။ Official Web Store ဖြစ်တာမို့ စိတ်ချစွာ သွင်းနိုင်ပါတယ်။ :) ဘယ်လိုလုပ်ရတယ်ဆိုတာမပြောတော့ဘူးနော်။ :D သူကတော့ ခုလောလောဆယ် Popular ဖြစ်နေတဲ့ CMS 100 ကျော်ကို Detect လုပ်ပေးနိုင်ပါသတဲ့။
ပုံမှာ bd site တစ်ခုနဲ့စမ်းပြထားပါတယ်။ မြား အနီ ရောင်နဲ့ပြထားပါတယ်။ :D
Google Chrome Sniffer ကို https://chrome.google.com/webstore/detail/chrome-sniffer/homgcnaoacgigpkkljjjekpignblkeae?hl=en ကိုသွားပြီး အင်စတော့လုပ်နိုင်ပါတယ်။ အဆင်ပြေကြပါစေဗျာ။

0 comments: