Malware Analyze
ကဲ.. ညီအကိုတို့အတွက် ကျွန်တော် Website တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
အဲဒီ website ကဒါပါ။
သူက Online Antivirus Scanner တော့မဟုတ်ပါဘူး။ ဒါပေမယ့်သူ့နည်းသူ့ဟန်နဲ့တော့ အရမ်းအသုံးဝင်ပါတယ်။ Online AV Scanner ဆိုရင် သူက Signature နဲ့ပဲတိုက်စစ်ပေးလိမ့်မယ်။ Signature နဲ့တိုက်ဆိုင်မှ Virus/Trojan/Malware အဖြစ်ပြလိမ့်မယ်။ ဒီဆိုက်မှာ exe ဖိုင်နဲ့ apk ဖိုင်တွေကို အရင် upload လုပ်လိုက်ပါ။ ပြီးရင်သူက အဲဒါကို run ပေးလိမ့်မယ်။ ဟုတ်ပါတယ်။ Run ပေးမှာပါ.. သူ့ဆာဗာမှာပေါ့။ ပြီးရင် ခဏစောင့်ပေးလိုက်။ သူက Report ပြန်ပြလိမ့်မယ်။ အဲဒီ exe/apk ကဘာတွေလုပ်သွားလဲဆိုတာကို အစအဆုံးပြလိမ့်မယ်။ Registry တွေပြင်တာ.. Startup ထဲထည့်တာ.. key log လုပ်တာ.. IP ကိုလှမ်း connect လုပ်တာ.. ဖိုင်တွေဖျက်တာ.. DLL file load, Registry Edit, ဗိုင်းရပ်လုပ်သွားတာတွေ အားလုံးကိုပြတယ်။
အကုန် report ပြန်ပေးပါတယ်။ ဒါဆိုရင် FUD ဒါမှမဟုတ် UD ဖြစ်နေတဲ့ RAT/Trojan တွေတောင် Detect လုပ်နိုင်တယ်လေ။ သူ့လုပ်ဆောင်ချက်ကိုကြည့်လိုက်ပေါ့။ တကယ်လို့ မလိုအပ်ဘဲနဲ့ ဖိုင်တွေဖျက်.. Registry တွေပြင်.. Startup ထဲမှာထည့်တာတွေဘာတွေဆိုရင်.. သေချာသလောက်ပဲ.. အဲဒါ RAT ပါ။ FUD ဖြစ်နေရင်virustotal တို့ဘာတို့က သုံးစားမရဘူးလေ။ ဒါကတော့ သုံးစားရတာပေါ့ဗျ။
ညီအကိုတို့.. အခုကစပြီး မသင်္ကာတဲ့ ဖိုင်တွေမှန်သမျှ virustotal နဲ့တင်မကဘဲ ဒါနဲ့ပါစမ်းကြည့်ပြီးမှ ကိုယ့်စက်မှာ run မ run ဆုံးဖြတ်ပါ။
Sample Report : http://anubis.iseclab.org/?action=result&task_id=17f0c00bf81f4ffd42db7f04b551571aa&format=html
ဒါက DarkComet RAT ကို ကျွန်တော် upload လုပ်ပြီး စမ်းခိုင်းတာပါ။ အဲဒီမှာ DarkComet server ကဘာတွေလုပ်သွားလဲဆိုတာ အကုန်မှတ်တမ်းတင်ထားတယ်။

0 comments: