IP logger တစ်ခုပြုလုပ်ခြင်း

မင်္ဂလာပါ ခင်ဗျာ

         ဒီကျူတိုရီရယ်မှာ ကျွန်တော့်အနေနဲ့ IP logger တစ်ခုကို ဘယ်လိုပြုလုပ်ရမလဲ ဆိုတဲ့ noob friendly ကျူတိုရီရယ်တစ်ခုကို ဖော်ပြပါမယ်ဗျာ။

ဒီနည်းက phishing page တွေလုပ်ဖူးတဲ့သူတွေ အတွက်တော့ ဘာအခက်အခဲမှ ရှိမှာမဟုတ်ပါဘူး။

ကဲ စကြစို့ ဗျာ။


ပထမဦးဆုံး အနေနဲ့ ကျွန်တော် တို့  free web hosting site တစ်ခုမှာ အကောင့်လုပ်ရပါမယ်။

ကျွန်တော် အကြိုက်ဆုံးဆိုက်နဲ့ အမုန်းဆုံးဆိုက်က ဒီဆိုက်ပါ။

www.000webhost.com

ကြိုက်တာကတော့ သုံးရတာ ရိုးရှင်းလို့ ဖြစ်ပြီးတော့ phishing page တွေလုပ်ရင် ဖျက်ချတက်လို့ပါ။

ပထမဦးဆုံးအနေနဲ့ အကောင့်တစ်ခုရသွားပြီဆိုရင် file manager ကိုသွားပါမယ်။

ဖိုင်မန်နေဂျာမှာ htdos ဆိုတဲ့ဟာလေးကို ကလစ်လိုက်ပါ။


ပြီးတော့ ကျွန်တော်တို့ ဖိုင်အသစ်တစ်ခုလုပ်ရပါမယ် အောက်ပါကုတ်လေးတွေကို ကူးထည့်ပြီး index.php လို့ save ပေးလိုက်ပါ။
ပြီးရင်နောက်ထပ် ဖိုင်တစ်ခု အသစ်လုပ်ပါမယ်။အဲ့ဒါကိုတော့ iplogs.txt လို့ နာမည်ပေးလိုက်ပါ။
ဘာကုတ်မှ ထည့်စရာမလိုဘူးနော်။နာမည်ပေးပြီး save လိုက်ရုံပါပဲ။
ဒါဆိုရင် ကျွန်တော်တို့ ရဲ့ ဖိုင်မန်နေဂျာမှာမူလက ရှိနေတဲ့ ဖိုင်တွေ အပြင် ဖိုင်နှစ်ခု ထပ်ရှိနေပါမယ်။

index.php
iplogs.txt  ဆိုပြီးတော့ပါ။

ကဲဒါဆိုရင် ကျွန်တော်တို့ ရဲ့ ဆိုက်ကို သွားကြည့်လိုက်ပါ။ကျွန်တော်တို့ ဆိုက်ဆိုတာက ဥပမာ ဒီလိုမျိုးပေါ့

username.yourwebhostingsite.com
username.my3gb.com

သင်သုံးတဲ့ free hosting ဆိုက်ကိုမူတည်ပြီးတော့ပေါ့ဗျာ။

ကဲ အဲ့ဒီ့လို လုပ်ထားတဲ့ ဆိုက်ကို သင် IP သိချင်တဲ့သူဆီကို ပို့လိုက်ပေါ့ဗျာ။ဒါမှ မဟုတ် အလုပ်လုပ်မလုပ် သိချင်ရင် ခင်ဗျားကိုယ်တိုင်အရင် စမ်းဝင်ကြည့်ပေါ့။ဝင်ပြီးတဲ့ အခါမှာ ဖိုင်မန်နေဂျာထဲ iplogs.txt ထဲကို ပြန်ကြည့်လိုက်ပါ။သူတို့ ရဲ့ အိုင်ပီတွေ ကျန်ခဲ့တာကို တွေ့ ရပါလိမ့်မယ်။

(ကျွန်တော့်ရဲ့ ကျူတိုရီရယ်တွေက လုံးဝ noob friendly ဆန်တော့ ရေးရတာတောင် အားနာလာတယ်ဗျာ။ဒါပေမယ့်တစ်ယောက်ယောက် အတွက်တစ်ခုခုလေး အသုံးဝင်ခဲ့ရင် ကျေနပ်ပါပြီဗျာ။)

index.php code

<?php
$IP = $_SERVER['REMOTE_ADDR'];
$p =fopen("iplogs.txt", "a");

fwrite($p, $IP);
fwrite($p, "
"); 








0 comments: