How to Hide your ip address everytime you access a website
ဒီပိုစ့်မှာတော့ ကျွန်တော် IP ကိုချိန်းနည်းပြသသွားမှာဖြစ်ပါတယ်။
တကယ်တော့ Firefox Addon တစ်ခုနဲ့ automatically ချိန်းခိုင်းတာပါ။ ဒီတော့ အရင်ဆုံး နှစ်ခုလိုအပ်ပါတယ်။ Firefox Addon ဖြစ်တဲ့အတွက်ကြောင့် Firefox browser ကတော့လိုအပ်တာပေါ့ဗျာ။ နောက်တစ်ခုကတော့ anonymoX ဆိုတဲ့ Addon လေးပါ။
ပထမဆုံးအနေနဲ့ Firefox browser ကိုဖွင့်ပြီး anonymoX addon ကိုဒေါင်းရပါမယ်။ Download လုပ်ဖို့နည်းနှစ်နည်းရှိပါတယ်။ တစ်နည်းက Firefox -> Addons ကိုသွားပြီး Search bar မှာ anonymoX ဆိုတဲ့ addon လေးကို search လုပ်ပြီး install လုပ်လိုက်ပါ။ နောက်တစ်နည်းကတော့ အောက်ပါလင့်ကိုသွားပြီး

https://addons.mozilla.org/en-us/firefox/addon/anonymox/
Add to Firefox ဆိုတာလေးနှိပ်ရုံပါပဲခင်ဗျာ။ ဒါဆို သူ့ဟာသူ Download လုပ်ပြီး သွင်းလိမ့်မယ်။ သွင်းပြီးရင် Firefox ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ ဒါဆိုရင် အဲဒီ Addon သွင်းပြီးသားလေးတွေ့ရပါလိမ့်မယ်။
တကယ်လို့ ကိုယ်ရောက်နေတဲ့ဆိုက်မှာ အဲဒီ ip ကိုမပြောင်းချင်ဘူးဆိုရင် Active ဆိုတာကို အမှန်ခြစ်လေးဖြုတ်ထားရုံပဲ။ Country တွေလည်းပြောင်းလို့ရတယ်။ ကျွန်တော်ဆို အဲဒါသုံးပြီး ကိုယ့် ip ကိုယ်ပြန်စစ်ကြည့်တော့ location က London မြို့ထဲရောက်နေတယ်။ ဟီး.. အလကားနေရင်း London ရောက်ဖူးသွားတာပေါ့ဗျာ။ ဒါပေမယ့် Facebook နဲ့ Gmail သုံးရင်တော့ ဒီကောင်လေးကို Active ဆိုတာကိုဖြုတ်ထားပါ။ ဘာလို့လဲဆိုတော့ ဒီ FB နဲ့ Gmail တို့က ကိုယ်ခါတိုင်းဝင်နေကြ ip address နဲ့မ၀င်ရင် တစ်ခါတစ်လေ Security Question ကိုဖြေခိုင်းလေ့ရှိတယ်ဗျ။
ဒီ Addon လေးက Block လုပ်ထားတဲ့ ဆိုက်တွေလည်း ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့်နှစ်ခုပဲမကောင်းတာ.. 1. ကြေငြာတွေပြတတ်တယ်။ ဒါပေမယ့် close ကိုနှိပ်ပြီး ပိတ်လို့ရတယ်။ 2. Internet Connection နည်းနည်း မဆိုသလောက်လေးနှေးသွားတယ်။
ကိုယ့် ip address ကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့ http://www.whatismyip.com ကိုသွားပြီးတော့ အရင်ဆုံး ကိုယ့် ip ကိုစစ်ကြည့်ပါ။ ပြီးရင် anonymoX ကိုသုံးပြီး နောက်တစ်ခေါက်ပြန်စစ်ကြည့်ပါ။ IP ကပထမတစ်ခေါက်စစ်ထားတာနဲ့ မတူတာကိုတွေ့လိမ့်မယ်။
အားလုံးပဲအဆင်ပြေနိုင်ပါစေဗျာ။ အဆင်မပြေတာရှိရင် Comment ချန်ထားလို့ရပါတယ်။ ကျွန်တော်တို့အတတ်နိုင်ဆုံးကူညီသွားပါမယ်။ :)
အဆင်ပြေပါတယ်အကို ကျေးဇူးတင်ပါတယ် နည်းပညာတွေမျှဝေပေးတာ
ReplyDelete