TOR Browser

TOR Browser

TOR Browser ဆိုတာ....

TOR Browser ဆိုတာ Proxy Browser တစ်မျိုး ဖြစ်ပြီး လက်ရှိမှာတော့ အကောင်းဆုံးလို့ သတ်မှတ်ခံထားရပါတယ်။ သူက ကိုယ့်ရဲ့ IP ကို ကာကွယ်ပေးပြီး Block လုပ်ခံထားရတဲ့ ဆိုက်တွေကို ကျော်ခွဝင်နိုင်ပါတယ်။ ပြီးတော့ IP Information ကို ကာကွယ်ပေးထားတဲ့အတွက် ကိုယ့် Location ကို Trace လုပ်တာမျိုးတွေကိုလည်း ကာကွယ်နိုင်ပါတယ်။


ဘာလို့ TOR ကိုသုံးသင့်သလဲ....

ကျွန်တော်တို့ သုံးတဲ့ အချို့ Proxy Software တွေ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေက အနည်းလေး $20 ပေးသုံးရတယ်ခင်ဗျ။ အလကားရတဲ့ ဟာတွေလည်း ရှိတာပေါ့လေ။ လုံခြုံရေးတော့ အာမ မခံနိုင်ဘူးဆိုတဲ့ ဟာမျိုးတွေ ရှိပါတယ်။ နောက်ပိုင်း IP Location ရှာတဲ့ ဆိုက်တွေမှာ ကိုယ်က Proxy နောက်ကဆိုရင်လည်း သူတို့က သိပါတယ်။ IP Information အမှန်ကိုတောင် ပြနိုင်တဲ့အထိကို အစွမ်းရှိလာပါပြီ။ ဒါပေမယ့် TOR နဲ့ဆို ဒီကောင်တွေလည်း မျက်စိကိုလည်ရော။ ကျွန်တော် TOR ပေါ်မှာ သုံးထားတဲ့ IP Info ကို Screen-Shot ရိုက်ထားပါတယ်။ ရှူပါ။ :P


တွေ့လား မသိဘူး။ အီကွေတာပေါ်ရောက်နေတယ်ခင်ဗျ။ :D

နောက်ပြီး သူက Setting ချိန်စရာမလိုပါဘူး (Setting တွေ ချိန်လို့ရပါတယ်။ ဒါပေမယ့် အလွယ်သုံးရင် ဒီတိုင်း Double Click)

Warning: တစ်ခုတော့ ရှိတယ်ဗျ။ TOR ပေါ်ကနေ Facebook ကို မဖွင့်တာ အကောင်းဆုံးပါပဲ။ Facebook မှာ အကျင့်တစ်ခုရှိတယ်ခင်ဗျ။ IP ချိန်းသွားရင် Hack ခံရပြီဆိုပြီး Lock ချလိုက်တာပါပဲ။ ကျွန်တော်ကိုယ်တိုင် ခံရဖူးပါတယ်။ Black Site တွေ ၀င်လေ့လာလို့ ကိုယ့် info ကို အုပ်ထားချင်တယ်ဆို TOR အသုံးဝင်ပါတယ်ခင်ဗျာ။

ကျွန်တော့်ရဲ့ First Post ဖြစ်တဲ့ အတွက် အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ လက်ယားနေတာလည်းပါတယ်၊ ဒီတော့ အကြောင်းမရှိ အကြောင်းရှာ ထရေးတာပါခင်ဗျာ။ ကျွန်တော်က Noob သာသာလေးပါခင်ဗျာ။

TOR ကို ဒေါင်းချင်တယ်ဆိုရင်တော့

Download Link -> https://www.torproject.org/download


0 comments: