What is your PC gender ?
ငှဲငှဲ ဘော်ဒါတို့ တော်တော်များများသိပြီးဖြစ်မှာပါ။ကွန်ပျူတာမှာလဲ အထီးအမ ရှိတယ်ဆိုတာလေ။
အဲ့နည်းလေးဝေမျှမလို့ ပါ။ကဲ မသိသေးတဲ့သူတွေ ပါခဲ့ရင်တော့ အောက်က အတိုင်းလေး စမ်းကြည့်လိုက်ပါ။
ပထမဆုံး ဒီကုတ်လေးတွေ နုတ်ပတ်ထဲကို ကူးထည့်လိုက်ပါ။
CreateObject("SAPI.SpVoice").Speak"I love you"
ပြီးရင်တော့ .vbs နဲ့ သိမ်းလိုက်ပါ။အဲ .vbs ရှေ့မှာ တစ်ခုခုရေးဦးနော်နာမည်။ဥပမာ gender.vbs ပေါ့ဗျာ။
ကဲ ပြီးရင်တော့ Run ကြည့်လိုက်ဗျာ။ I love you လို့ မိန်းကလေးသံလေးနဲ့ ပြောရင် ခင်ဗျား ကွန်ပျူတာ က အမ ပေါ့ဗျာ။ဘဲသံကြီး ထွက်လာရင်တော့ အထီးပေါ့ဗျာ။ကိုယ်တွေကတော့ စော်မရှိပါဘူး။မိန်းကလေး သူငယ်ချင်းတောင် မရှိပါဘူးဆိုကာမှ ကွန်ပျူတာကလဲ အထီးသံကြီးထွက်လာသေးတယ် ..... :( ။

0 comments: