How to attack DDos Manually (bat file script include)

 
DDOS ဆိုတာဘာလဲ
               ကျွန်တော်သိသလောက်ပြောရရင်တော့ DDOS ဆိုတာ website တစ်ခုရဲ့ ဆာဗာဆီကို packets တွေ အများအပြားပေးပို့ ပြီး server ကိုနှေးသွားအောင် Down သွားအောင်ပြုလုပ်တဲ့နည်း တစ်ခုဖြစ်ပါတယ်။အဲ ဒါပေမယ့် sever တစ်အားကြီးတဲ့ ဆိုက်တွေနဲ့  Cloud Flare ကာထားတဲ့ ဆိုက်တွေကို တော့ တိုက်ဖို့ ခက်ခဲပါလိမ့်မယ်။မယုံရင် တိုက်ကြည့်ကြပေါ့ဗျာ  :P ။

        
DDOS တိုက်နည်းများ

ကျွန်တော်သိသလောက်ကတော့ သုံးနည်းဗျ။အဲ့ထက်လဲ အများကြီးပိုမှာပါ။ဒါပေမယ့် ကျွန်တော်တစ်ကယ် မသိပဲ လျောက်မပြောချင်တာကြောင့်သိတဲ့ နည်းသုံးနည်းပဲ ပြောပြပါမယ်။

ပထမ တစ်နည်းကတော့  Ping Flood method ပါ။
ဒုတိယ တစ်နည်းကတော့  Tools တွေ သုံးတဲ့နည်းဖြစ်ပြီးတော့
တတိယ တစ်နည်းကတော့  shell သို့ မဟုတ် freehosting ထဲမှာ Ddos java script တစ်ခု ထည့်ရေးထားတဲ့ html ပေ့ခ်ျတစ်ခုကိုတင်ပြီး တိုက်တဲ့နည်းပါ။

အဲ့ဒီ့ နည်းတွေကမှ အလွယ်ကူဆုံး နည်းဖြစ်တဲ့ Ping Flood method လို့ခေါ်တဲ့ ကွန်ပျူတာလေးရှိရင်ဖြစ်တဲ့ စာလေးရိုက်တက်ရင် ရပြီဖြစ်တဲ့ နည်းကို အသေးစိပ်ရေးပေးပါမယ့် ဗျာ။

ပထမဆုံး  Window + R လေးကမှ CMD ကို ခေါ်ပါ။
ဒုတိယ အနေနဲ့  ping –t –a –l 1000 www.example.com  လို့ ရိုက်ထည့်ပေးလိုက်ပါ။
1000 နေရာမှာ အများဆုံး အနေနဲ့  65500 အထိ ရိုက်ထည့်ပေးလို့ ရပါတယ်။အဲ့ထက်ပို သွားရင်တော့ အလုပ်လုပ်တော့မှာ မဟုတ်ပါ။
အဲ့ဒီ့ အဆင်သုံးဆင့်လေးလုပ်ရမှာကိုမှ ကိုယ့်ဆရာက ပျင်းနေသေးတယ်ဆိုရင်တော့ အောက်က bat file လေးကိုဒေါင်းလိုက်ပါ။
DDOS bat download

အဲ့ဒါလေးကို ဖွင့်လိုက်ရင် ဒီလိုလေးပေါ်လာပါမယ်။

ကဲ တိုက်ချင်တဲ့ ဆိုက်လေးသာ ရိုက်ထည့်လိုက်တော့ဗျာ။ပြီးရင် ဖွင့်သာ ထားလိုက်တော့ မပိတ်မချင်း အလုပ်လုပ်နေလိမ့်မယ်။ငှက်ပျောသီး အခွံနွာရတာကမှ ခက်ဦးမယ်။ဒါကတော့ ငှဲငှဲ..။
အဲ ဘော်ဒါတို့  DDOS ကိုအထင်တော့ မသေးနဲ့ နော်လွယ်တယ်ဆိုပြီးတော့..။ခုချိန်ထိ ဆိုက်ဘာစစ်ပွဲ တွေ မှာ သုံးတုန်းပဲဗျ။ကိုယ်တိုက်တဲ့ ဆိုက်မြန်မြန် ကျစေချင်ရင်တော့ လူများများသုံးပေါ့ဗျာ။

နိဂုံး အနေနဲ့ ဖောရဦးမယ်ဆိုရင်တော့ DDOS tools တွေထဲမှာ နာမည်ကြီးတာကတော့ LOIC ပါ။
tools တွေ သုံးမယ်ဆိုရင်တော့ အိုင်ပီလေးတော့ ဖျောက်စေချင်ပါတယ်။အဲ့နည်းကဟိုကနေ ပြန်ပြီး  Trace လိုက်လို့ ရလို့ပါ။သြော် အရေးကြီးဆုံးတစ်ခုကျန်ခဲ့တော့မလို့ဗျ။

DDOS ရဲ့ အရှည်ကောက်က Distributed Denial of Service ပါ။

(ကျွန်တော်ရေးတဲ့ပို့စ်ဟာ တော်တော် ပိန်းမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ဒါပေမယ့် ကျွန်တော့် လို ဘာမှ မသိသေးတဲ့ သူတစ်ယောက် အတွက် အကျိုးရှိသွားမယ်ဆိုရင် ကျွန်တော်ကျေနပ်မိမှာပါဗျာ။)


0 comments: