Google Dorker [Python]

ကျွန်တော်ဆိုရင် သူများရှာတွေ့ထားတဲ့ web apps vulnerability တွေကိုလိုက်ဖတ်ပြီး ခဏခဏလိုက်လုပ်တယ်။ ဒါနဲ့ သူတို့တွေတော်တော်များများကို အောက်က website နှစ်ခုမှာရှာလို့ရတယ်နော်။

www.exploit-db.com
www.1337day.com

အဲဒီဆိုက်တွေမှာ exploit အများစုမှာက ပေါက်နေတဲ့ဆိုက်တွေကို ရှာနည်းပေးထားတယ်။ အဲဒါကတော့ dork လို့ခေါ်ပါတယ်။ ဒါတွေကို ကျွန်တော်က ခဏခဏ google ကနေလိုက်ရှာနေရတယ်။ အဲဒါကြောင့် တကယ်လို့များ Google ကနေ dork ကိုရှာပေးပြီး ရလာတဲ့ URL ကို txt file ထဲမှာ စုထားပေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်လေ။ ဒါနဲ့ပဲ python နဲ့ Google ကိုဘယ်လိုရှာနိုင်လဲဆိုတာတွေကို စပြီးလိုက်ရှာတော့တာပဲ။ ရှာလိုက်တော့ လုပ်နည်းက နှစ်နည်းရှိတယ်။ တစ်နည်းက google developer api ကိုသုံးပြီး search လုပ်တာပဲ။ နောက်တစ်နည်းကတော့ python အတွက် သီးသန့်လုပ်ပေးထားတဲ့ Google search module လေးတွေသွားတွေ့တယ်။ ကျွန်တော်က ဒုတိယလမ်းပဲလိုက်တယ်။ ပထမနည်းလမ်းနဲ့ဆို အားလုံးကို ကိုယ့်ဟာကိုယ်ရေးရမှာကိုး.. biggrin ဒုတိယလမ်းကတော့လွယ်တယ်။ အဲဒီ module ကို download and install လုပ်ပြီး script ထဲကနေ လှမ်းခေါ်သုံးယုံပဲ။

Module ထဲမှာတွေ့တာ နှစ်ခုရှိတယ်။ တစ်ခုက pygoogle လို့ခေါ်ပြီး နောက်တစ်ခုကတော့ xgoogle လို့ခေါ်တယ်။

http://code.google.com/p/pygoogle/‎
https://pypi.python.org/pypi/xgoogle
အဲဒီထဲမှာ xgoogle ကတော့ နည်းနည်း function ပိုများတယ်။ ဒါပေမယ့် ကျွန်တော်က function နည်းနည်းနဲ့ ရှင်းလင်းလွယ်ကူတဲ့ pygoogle ကိုရွေးလိုက်တယ်။

ဒီတော့ ဒီကောင် google dorker.py လေးက pygoogle ဆိုတဲ့ module ကိုလိုအပ်ပါတယ်။ အောက်က pastebin link ကနေ pygoogle ကိုယူလို့ရသလို cmd ကနေလဲယူလို့ရပါတယ်။ command ကတော့

easy_install pygoogle


အဲ သုံးနည်းကတော့ google dorker.py ကို run လိုက်ရုံပဲ။ ပြီးရင် ကိုယ်သုံးမယ့် Dork လေးကိုထည့်လိုက်ပါ။ နောက်တစ်ဆင့်ကတော့ page ဘယ်လောက်ယူမလဲဆိုတာပဲ။ Page များရင် များသလို result ကတော့များလောက်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ google search လုပ်လို့ရလာတဲ့ url တွေကို ဘယ်မှာသိမ်းမလဲဆိုတာထည့်ပေးယုံပဲ။

Name : Google dorker.py
Source : [ PasteBin ]
Dependencies : pygoogle module
you can get the pygoogle module here : [ PasteBin ]

ဒါမှမဟုတ် နှစ်ခုလုံးတွဲရက်ပါတဲ့ zip ကိုဒီမှာဒေါင်းလို့ရပါတယ်။ : [ SendSpace ]

PS : module ဖိုင်ကို google dorker နဲ့တူတူထားလို့ရသလို c:\python27\Lib\ အောက်မှာလဲထားလို့ရပါတယ်။ အဲဒီ python installation path မှာသွားထားရင်တော့ နေရာတစ်ကာကနေ အဲဒီ module ကိုသုံးလို့ရပါပြီ။

0 comments: