What is web bug?
Web Bugs
Near-Undetectable Tracking Method
Termed - Web Bugs, 1-pixel gifs, clear gif, tracking pixel, JavaScript Tags...
Web Bug လို့ခေါ်တဲ့ ပစ္စည်းကတော့ သာမှန်အားဖြင့်ဆို gif သို့မဟုတ် jpg ဖိုင်လေးတစ်ဖိုင်သာဖြစ်ပါတယ်။ သူက 1-pixel ပဲရှိတတ်တာအတွက်ကြောင့် သာမှန် Experienced User တွေတောင်မှ သူတို့ လုပ်ဆောင်ချက်တွေက မှတ်တမ်းတင်ထားခံရတယ်ဆိုတာ မသိနိုင်ပါဘူး။ ဟုတ်ပါတယ်။ ဒါလေးက Tracking tool လေးပါ။
သူက ဘာတွေမှတ်ပေးလဲဆိုရင် Visitor တွေရဲ့ information အများကြီးကိုမှတ်ပေးနိုင်ပါတယ်။ ဥပမာ
IP Address of the Clientစတာတွေ မှတ်တမ်းတင်ထားနိုင်ပါတယ်။
URL of the web bug
URL of the web bug's image
Time when the web bug was visited/viewed
User Agent of the client
Previously set cookie value
ဒီကောင်လေးက Tracking method အများကြီးထဲက တစ်ခုလေးပဲရှိပါသေးတယ်။ သူ့ကို ဘယ်တွေမှာ မြင်တွေ့နိုင်မလဲဆိုရင် pic တွေမှာ Email တွေမှာ Webpage တွေမှာ html ဖိုင်တွေမှာ... တွေ့နိုင်မှာပါ။
ဆောရီး.. ကျွန်တော်ပြောတာမှားသွားတယ်... User တွေက တွေ့ချင်မှတွေ့နိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူက 1-pixel ပဲရှိလို့ပဲ။
Example
<img src="http://server.com/webbugs.php>Img tag လေးပဲအသုံးချပြီး သူ့ php code ကို Execute လုပ်သွားတာပါ။ မှန်းစရာမလိုပါဘူး။ အဲဒီဖိုင်ထဲမှာ track လုပ်ဖို့ရေးထားမှန်း ရိပ်မိမှာပါ။
Example Web Bug
ဒါလေးက သာမှန်ဆိုက်တစ်ဆိုက်မှာ ထည့်ထားတဲ့ web bugs လေးပါ။ မတွေ့ရဘူးဟုတ်တယ်ဟုတ်?
ကဲ.. Zoom နည်းနည်းလောက်ဆွဲပြီး ကြည့်လိုက်ရအောင်။ Zoom လုပ်ပြီး Ctrl + A နဲ့ Select All လုပ်ကြည့်မှသာ ထိပ်နားလေးမှာ အပြာရောင်လေးနဲ့ Select လုပ်ထားတာတွေ့လိမ့်မယ်။
ဘယ်သူကများ Website တစ်ခုခုဖွင့်ကြည့်တိုင်း Zoom ဆွဲပြီး လိုက်ကြည့်နေမှာလဲ? (အဲလေ Porn Site ဆိုရင်တော့ တစ်မျိုးလေ :P )
အဲဒါလေးက IMG နဲ့ထည့်နည်းပဲရှိပါသေးတယ်။ နောက်တစ်နည်းက Email ထဲတွေမှာ ဘယ်လိုထည့်လဲဆိုတာပါ။
<img width=’1′ height=’1′ src=”http://www.m0.net/m/logopen02.asp?
vid=3&catid=370153037&email=test %40example.net” alt=” “>
<IMG SRC=”http://email.bn.com/cgi-bin/flosensing? x=ABYoAEhouX”>
Forums
[img]http://www.hacker.com/webbug.php[/img]တချို့ ဖိုရမ်တွေကတော့ tag သုံးရင် ပုံဟုတ်မဟုတ်အရင်စစ်ပါတယ်။ နောက်ပြီးမှ ထည့်ခွင့်ပေးတာပါ။
ဒီလိုလား.. ဒါဆို အဲဒီ rule ကိုလဲ ကျော်တာပေါ့ဗျာ။
[img]http://www.hacker.com/webbug.jpg[/img]
ဒီလိုလုပ်ပြီး Server က httpd.conf မှာ အောက်ကလို ထည့်လိုက်မယ်။
Redirect /webbug.jpg /webbug.phpကဲ ဘာတတ်နိုင်လဲ?
ဒါဆို မေးစရာဖြစ်လာမယ်။ မမြင်ရတဲ့ ပုံတွေအားလုံးက web bug တွေလား?
မဟုတ်ပါဘူး။ မမြင်ရတဲ့ဟာတွေအားလုံး web bug လို့မဆိုလိုပါဘူး။ Web bug ရဲ့ ထူးခြားချက်တစ်ခုက ပြင်ပဆိုက်က ဖိုင်တစ်ဖိုင်ကို လှမ်းဖွင့်မယ်ဆိုတာပဲ။
Web bug တွေကို web page တွေမှာ ဘာအတွက်သုံးမလဲ?
အပေါ်ဆုံးက ပြောခဲ့သလို Info တွေမှတ်ချင်လို့ပဲဖြစ်စေ Advertising Company တွေက personal info ကိုသိမ်းထားပြီး Custom ads တွေကိုပြဖို့ဖြစ်စေ Visitor count ကိုမှတ်ဖို့ဖြစ်စေ အသုံးပြုကြပါတယ်။
Email တွေမှာ ထည့်ရတဲ့အကြောင်းကတော့ ကိုယ့် Email ကို သူဖတ်ပြီးပြီလား မဖတ်ရသေးဘူးလားဆိုတာကို သိချင်ရင် သုံးလို့ရသလို Receiver ရဲ့ ip လဲယူလို့ရတယ်။ နောက်ပြီး ဖတ်ခံရတဲ့ အကြိမ်အရေလဲ တွက်လို့ရတယ်။
Web Bugs တွေက ကောင်းတဲ့နေရာသုံးရင် ကောင်းသလို အကျိုးပြုပေမယ့် လူတွေရဲ့ privacy invasion လဲဖြစ်စေနိုင်ပါတယ်။ ဒီလိုဆို ဘယ်လိုကာကွယ်ကြမလဲဗျ။
Email တွေမှာဖြစ်ရင်တော့ လွယ်ပါတယ်။ Gmail တို့ဘာတို့ဆိုရင် ပြင်ပက image တွေကို Default အနေနဲ့ Disable လုပ်ထားပေးပါတယ်။ Web page တွေထဲက ဟာတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ Ad Block Extension တို့ Ghostery တို့ကို သွင်းထားနိုင်ပါတယ်။ သူတို့တွေကတော့ ကာပေးနိုင်မှာပါ။
ကဲ အကျိုးအကြောင်းလဲသိပြီဆိုရင် ကိုယ့်ဟာကိုယ် web bug နဲ့ သူများကို မလုပ်ကြည့်ချင်ဘူးလား?
အောက်မှာဆက်ကြည့်ပါ။
http://pastebin.com/zgef8w4b
ဒီကုဒ်တွေက Visitor IP, Visitor's OS, Visitor's Browser, port, language တွေကို db ထဲသိမ်းပေးပါမယ်။ DB အတွက် connection တို့ဘာတို့ ကိုယ့်ဟာကိုယ် ကြည့်လုပ်ပါ။ မေးလဲပြောပြဘူး
ထည့်နည်းကတော့ လွယ်ပါတယ်။ အပေါ်က ပြထားတဲ့ နည်းတွေထဲက တစ်နည်းနည်းသုံးယုံပဲ။
<img src=’webbug.php’ width=’1′ height=’1′ >
တားဘာမှမဟုတ်တာ သင်ပေးဘူးနော်။ ဟုတ်တယ်ဟုတ်?
Anubis [MSF Forum Moderator]
Refrenced from : www.freebuf.com
Further Reading :
http://news.cnet.com/2100-1017-243077.html
http://www.policymic.com/articles/57961/worried-about-spying-it-s-not-just-the-nsa-anymore
http://thedailybanter.com/2013/09/new-snowden-revelations-prove-the-obvious-nsa-breaks-codes-spies-on-terrorists/
http://www.irongeek.com/i.php?page=security/webbugs
http://www.netwalk.com/techweb/webbug.html
http://en.wikipedia.org/wiki/Web_bug
http://searchsoa.techtarget.com/definition/Web-bug
http://w2.eff.org/Privacy/Marketing/web_bug.html
http://knowprivacy.org/web_bugs.html
http://www.securityspace.com/s_survey/data/man.200102/webbug.html
Download my Saved Pages : DropBox
0 comments: